စိတ်ဓါတ်

နေ့လယ်ထမင်းစားချိန်ရောက်တော့
ထုံးစံအတိုင်းထမင်းထွက်စားတာပေါ့
ကျွန်တောစားနေတာကကြယ်ငါးပွင့်ပွိုင့်နဲ့
မနီးမဝေးလေးကရခိုင်မုန့်တီဆိုင်လေးမှာပေါ့ဗျာ
ရုတ်တရပ်ကျွီဆိုတဲ့အသံတစ်ခုကိုကြားလိုက်မိတော့
ကျွန်တော်နောက်ကိုသမင်လည်ပြန်လှည့်ကြည့်မိတယ်
ပှိုင့်အလည်တည့်တည်လောက်မှာ
အဓိပတိ အနီ(ခရီးသည်တင်ဘက်စကားကြီး)တစ်စီးဟာ
စက်ပြက်သွားပြီးထိုးရပ်နေလေရဲ့
ကျွန်တော်လည်းဘာမှမဟုတ်ပါဘူးလေဆိုပြီး
ထမင်းစက်စားနေမိတယ်
ခဏကြာတော့ ဟေးး ဟေးး ဆိုပြီး
ညာသံပေးသံကြားတော့လှည့်ကြညိ့မိပြန်ရော
ကားရှေ့ကနေပြီးတော့ စပယ်ယာအကိုတွေကကားကိုပွိုင့်အလည်ကနေ
ရှင်းသွားအောင် ခေါင်းဘက်ကနေပြီးတော့ တွန်းနေကျလေရဲ့
ကားပေါ်မှာတော့ ခရီးသွားတွေကမိန့်မိန့်ကြီးနဲ့ပေါ့ဗျာ
ကျွန်တော်ကြည့်နေတုန့်းမှာပဲ
ကင်မရာတစ်လက်နဲ့နိုင်ငံခြားသားကြီးတစ်ယောက်ရောက်လာတယ်
သူ့အသက်က ၅၀ ၀န်းကျင်လောက်တော့ရှိမယ်ဗျ
သူ့မှာပါတဲ့ကင်မရာကိုစလွယ်သိုင်း
ပြီးတာနဲ့စပယ်ရာတွေနဲ့အတူဝိုင်းတွန်းတော့တာပေါ့
ကျွန်တော့်လက်ထဲကထမင်းလုပ်ပါးစပ်ဝမှာပင်တန့်သွားတော့တယ်ဗျာ။

0 ဝေဖန်ချက်:

Post a Comment

သူ့ရဲ့အမြင်လေးပါ