အရှင်ဗုဓ်ခရစ်ကယ်တော်မှုပါ

ပုံပြင်ဆိုတော့ ရှေးရှေးတုန်းကပေါ့နော် သူငယ်ချင်းသုံးယောက်ရှိကြတယ်တဲ့
တစ်ယောက်က ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး နောက်တစ်ယောက်က ခရစ်ယာန်ဘာသာကို ကိုးကွယ်တယ်တဲ့ကျန်တဲ့တစ်ယောက်ကတော့ ဘယ်ဘာသာကိုမှ မကိုးကွယ်ပဲ နေတယ်တဲ့ ။
တနေ့ သူတို့သုံးယောက်ဟာပျင်းတာနဲ့ ပျော်ပွဲစားထွက်ကြတယ်တဲ့
ဟိုခေတ်ကဆိုတော့ ခုခေတ်လို ပန်းခြံတွေ ၊ ကစားကွင်းတွေလဲမရှိတော့
တောထဲကိုပဲပျော်ပွဲစားထွက်ကြတာပေါ့ ။
သူတို့တွေဟာ သီချင်းတွေဆိုလိုက် ၊ တောပန်းလေးတွေ တွေ့ရင်ခူးလိုက် ၊ ဗိုက်စာလာရင်
တောထဲကသီးပင်စားပင်တွေကနေ အသီးရွက်တွေကို ခူးစားလိုက်နဲ့ပျော်နေကြတာပေါ့။
ရယ်ပြီးငိုရတက်တယ်တဲ့
မေမေငယ်ငယ်ကပြောခဲ့တဲ့ဆုံးမစကားလေးပါ။
သူတို့တွေလည်း ပျော်ရာကနေထိတ်လန့်စရာကောင်းတဲ့ဖြစ်ရက်ကြီးတစ်ခုကိုကြုံတွေ့လိုက်ရတယ်။
အဲဒီတောကြီးထဲမှာ လူသားကိုအင်မတန်မှကြိုက်နှစ်သက်တဲ့ကျားကြီးတစ်ကောင်ရှိတယ်လေ
လူသားကိုအလွန်ကြိုက်တဲ့ကျားကြီး သူတို့ကိုတွေ့တော့
ငါတော့ စားရကံကြုံလို့မုတ်ဆိက်တော့ပျားလာဆွဲပြီ ဆိုပြီး သူတို့ကိုခုန်အုပ်တော့တာပါပဲ။
သူတို့ကလဲသူတတို့တက်သမျှမှတ်သမျှနဲ့ကျားကြီးကိုခုခံတွန်းလှန်တာပေါ့
ဘတစ်ပြန်ကျားတစ်ပြန်နွှဲလိုက်ကြတာနေ၀င်ခါနီးအချိန်ထိရောက်လာတာပေါ့
သူတို့တွေဟာဒီအတိုင်းဆိုရည်ရှည်မှာမဟန်နိုင်တော့ဘူးလို့သိတာနဲ့သူတို့ရဲ့နောက်ဆုံးသိုင်းကွက်ကို
ညီညီညာညာနဲ့ထုတ်သုံးကြတော့တာပေါ့
သူတို့ရဲ့နော်ဆုံးသိုင်းကွက်ကတော့
နောက်ကျတဲ့ချေထောက် သစ္စာဖေါက်ဆိုပြီး တက်ညီလက်ညီထွက်ပြေးတဲ့သိုင်းကွက်ပါ။
သူတို့သုံးယောက်တက်ညီလက်ညီနဲ့ပြေးလိုက်ကြတာ သူတို့ရှေ့မှာ ချောက်ကမ်းပါးကြီးတွေ့မှပဲ
သူတို့ရဲ့ချေအဆုံကို ရက်ပစ်လိုက်တာပေါ့။
နောက်ကကျားကြီးကလဲလိုက်လာပြီ
သူတို့ရဲ့နားထဲမှာ ကျားဟိမ်းသံကြီးဟာ နီးသထက်နီးလာပြီ
ဒီချိန်မှာသူတို့တစ်ခုခုတော့လုပ်သင့်ပြီလေ
သင်ဆိုရင်ရောဘာလုပ်မည်နည်း ?
အရင်ဆုံး ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့သူက
ဗုဒ္ဓမြတ်စွာ ကယ်တော်မှုပါလို့ လက်အုပ်ချီရွတ်ဆိုပြီး
ချောက်ကမ်းပါးကနေခုံချလိုက်တာ
သမ္မာဒေ၀နတ်မြတ်နတ်ကောင်းတွေက စောင့်ရှောက်လို့
မြေပြင်ကိုချောချောမောမောနဲ့ရောက်သွားတာပေါ့
ဒုတိယလူကတော့ ခရစ်ယန်ဘာသာကိုကိုးကွယ်တဲ့သူဆိုတော့
သခင်ရေရှုကယ်တော်မှုပါဆိုပြီး ချောက်ကမ်းပါးကနေခုံချလိုက်တာထာဝရဘုရားသခင်ရဲ့စောင့်ရှေုာက်မှုကြောင့်
မြေပြင်ကိုချောချောမောမောနဲ့ရောက်သွားတာပေါ့
နောက်ဆုံးကျန်တဲ့တစ်ယောက်က ဘယ်ဘာသာကိုမှမကိုးကွယ်တဲ့သူလေ
သူ့ရှေ့က လူနှစ်ယောက်က
သူ့တို့ကိုးကွယ်တဲ့ ဘုရားတွေကိုတိုင်တယ်ပြီးခုံချသွားကြတာကိုသူမြင်တော့
သူလဲ သူတို့လိုပြောပြီးခုန်ချ မယ်လို့စဉ်းစားပြီးခုန်ချမယ်ကြံတော့
သူကဘယ်ဘုရားကိုမှမကိုးကွယ်တော့အခက်တွေ့တော့တာပေါ့
ကျားကြီးကလဲတစ်ယောက်တော့စားရပြီဆိုပြိး အားနဲ့မန်နဲ့ခုန်အုပ်လိုက်တယ်
သူလည်းနော်ဆုံးချိန်ဖြစ်နေပြီဆိုတော့
ကြံရာမရဖြစ်ပြီး
ဗုဒ္ဓဘုရားရော ၊ ထာဝရဘုရားရော နှစ်ပါးလုံးပါအောင်
အရှင်ဗုဓ်ခရစ်ကယ်တော်မှုပါဆိုပြီး
ချောက်ကမ်းပါးကနေခုံချလိုက်တာ
ထာဝရဘုရားကလဲ သူကယ်မယ် သမ္မာဒေ၀နတ်တွေကလဲသူတို့ကယ်မယ်ဆိုပြီး
ညင်းခုံနေကျတုန်း မဟာပထ၀ီမြေကြီးနဲ့တိုက်မိပြီး သေသွားရှာတော့တာပေါ့။
ပုံပြင်လေးကတော့နိဋ္ဌိတံ ပြီးပါပြီ

0 ဝေဖန်ချက်:

Post a Comment

သူ့ရဲ့အမြင်လေးပါ