What This Mean သူငယ်ချင်း ?

သူငယ်ချင်း
သူငယ်ချင်းဆိုတဲ့
ဖွင့်ဆိုချက်
သေချာစွာငါမသိသေးပါဘူး။
သူငယ်ချင်းဆိုတဲ့
ဝေါဟာရ
ဘယ်သူကစသလဲဆိုတာငါမသိပါဘူး။
သူငယ်ချင်းဆိုတဲ့
သုံ့းလုံ့းသောစကားလုံးလေးရဲ့နောက်မှာ
ငါတို့တွေမမြင်နိုင်တဲ့
စွမ်းအားလေးတွေးတွေရှိနေတယ်
ငါထင်တာငါပြော
မင်းသဘောမကျလဲပြဿနာမရှိ
ငါသည်သူငယ်ချင်းကိုလိုပါ၏။

ငါ............?

ငါသည်လူဇာတ်
ငါသည်မြတ်၏
ငါမြတ်သောသူ
ငါသို့သူကား
ငါတကားဟု
ငါမှားငါကြိုက်
ငါမလိုက်တည့်
ငါကြိုက်ငါမျိုး
ငါ့တန်ကိုးဖြင့်
ငါ့မျိုးငါ့ဆွေ
င့ါတိုင်းပြည်ကို
ငါ့မြေကမ္ဘာ
ငါ့ခန္နာဖြင့်
သူငါကောင်းကြိုး
ဆောင်သယ်ပိုးမည်
ငါ့မျိုးငါဇာတ်မြတ်စေမည်။
(ကျွန်တော်ပညာသင်ခဲ့တဲ့ဘုန်းတော်ကြီး
သင်ပညာရေးကျောင်းကချောင်းဦးဆရာတော်
ရေးဆက်သီကုံးထားတဲ့ကဗျာလေးပါ)

ချစ်သူ

"ခရီးသည်များခင်ဗျာ
မှတ်တိုင်ပါလားလို့မေးရင်
ခေါင်းမညိတ်ပါနဲ့
လက်ညှိုးမထောင်ပါနဲ့
စိတ်ထဲကမဖြေပါနဲ့
ပါတယ်လို့သာ ရဲရဲကြီးဖြေလိုက်ပါ"
စပါယ်ယာကပြောတဲ့စကားလေးငှားပြီး
ကိုလည်းမင်းကိုပြောမယ်နော်
"ချစ်သူ
ချစ်လား ? လို့မေးရင်
ခေါင်းမညိတ်ပါနဲ့
စိတ်ထဲကမဖြေပါနဲ့
ပြုံးမနေပါနဲ့
ရဲရဲကြီးဖြေလိုက်ပါ
ချစ်တယ်လို့...နော်"