ကျေးဇူးတင်ပါတယ်

ကျေး ဇူး တင် ပါ တယ် ငါးလုံးထဲရယ်ပါ ကြားဘူးတဲ့လူများနိုင်ပေမဲ့ ပြောဘူးတဲ့လူကတော့ လက်ချိုးရေလို့ရလောက်အောင်တောင်နည်းမလားပဲနော် ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ခြင်းဟာကိုယ်အတွက်အပန်းမကြီးသလို ကြားရသူတွက်တော့နှစ်သက်စရာပါ ဥပမာ မိတ်ဆွေက တစ်ယောက်ယောက်ကိုကူညီလိုက်တဲ့အခါ အဲ့ဒီတစ်ယောက်ယောက်က ကျေးဇူးတင်ပါတယ်လို့တုန့်ပြန်တာနဲ့ ဘာမှမတုန့်ပြန်တာနဲ့ အဲ့ပေါ်မှာဖြစ်ပေါ်လာတဲ့သင့်ခံစားချက်ကဘယ်လိုနေမလဲ ? ဒီဇင်ဘာ ၂၃ ရက်နေ့က ဘာရယ်မဟုတ်ဘူး သံတမန်လမ်းထဲလျှောက်လာမိတယ်။ မေရီချက်မင်း စွံ့ အ နားမကြား ကျောင်းရှေ့ရောက်တော့ ကျောင်းသားလေးတွေကိုငေးကြည့်နေမိတယ် သူတို့ဆိုရင်ရော ကျေးဇူးတင်ပါတယ် လို့ပြောတက်မှာမဟုတ်လို့ ပြောမိမှာတောင်မဟုတ်ဘူးလို့လဲတွေးမိတယ်။ ရုတ်တရက် ကျွန်တော်ရပ်နေတဲ့ရှေ့ကို ကျောင်းသားလေးနှစ်ယောက် ကစားနေတဲ့ ဂေါ်လီလုံးလေးကျလာတယ် ကျွန်တော်သာသူ့နေရာမှာဆိုရင် အကိုရယ်ကောက်ပေးပါလားလို့ပြောမိမှာပါ သူကတော့မပြောရှာဘူး မပြောတက်လို့မပြောတာဆိုရင်တောင် ကိုဟန်အမူရာနဲ့ပြောလို့ရတယ်မို့လား ဒါပေမဲ့မပြောဘူးဗျာ့ သူ့မှာရှိတဲ့ဒုက်ချောင်းတိုတိုလေးနဲ့မမှီမကမ်းလှမ်းယူရှာတယ် သူမမှီနိုင်ဘူးဆိုတာသိနေတဲ့ကျွန်တော်ကဘယ်နေနိုင်ပါ့မလဲဗျာ ဂေါ်လီလုံး လေးကိုကောက်ပြီးယူလိုက်တယ် ပြီးတော့ ဂေါ်လီလုံးလေးကိုယူသွားတော့မဲ့ဟန်လုပ်ပြတယ် သူ့ကိုစတာထိရောက်တယ်ဗျ သူကမယူပါနဲ့ဆိုတဲ့ဟန်ပန်နဲ့ပြန်ပြောတယ်ဗျ ကျွန်တော်က ဂေါ်လီလုံးလေးကိုကိုင်ပြီး သူ့ကိုလက်နဲ့လှမ်းယူစေဘို့ပြောတယ် သူကကြောက်နေတယ်ထင်ပါရဲ့(ကျွန်တော့်ရုပ်ကိုကြည့်ပြီးတော့လေ) သူ့ကိုလှမ်းပစ်ပေးဘို့ပြောတယ် ကျွန်တော်မပစ်ပေးမိပါဘူး ညင်ညင်သာသာလေးပဲသူ့လက်လေးထဲကိုထည့်ပေးလိုက်တယ် သူအရမ်းပျော်သွားတယ် ပြီးတော့ကျွန်တော့ကိုကျေးဇူးတင်ပါတယ်လို့ပြောတယ် သူကစကားမပြောတက်ပဲဘယ်လိုလုပ်ကျေးဇူးတင်ပါတယ်လို့ပြောသလဲလို့ ခင်များတို့တွေးမိလိမ့်မယ် သူပြောတာက ကိုယ်ဟန်အမူရာနဲ့လေ ကျွန်တော်ကနားလည်တာကိုး ကျွန်တော်ဘာလို့သူပြောတဲ့ကိုဟန်အမူရာကိုနားလည်လဲလို့ခင်များတို့တွေးဦးမလား ကျွန်တော်ကလည်းသူ့လိုပဲ ဘ၀တူချင်းမို့ပေါ့ဗျာ ကဲ မိတ်ဆွေ သင်ရော သင်မဟုတ်တဲ့အခြားသူတွေကို ကျေးဇူးတင်ပါတယ်လို့ပြောတော့မှာလား?


"မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား"

"မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား" စာရေးဆရာကြီးလူထုစိန်ဝင်းရဲ့စကားလေးပါ တကယ်တော့မဖြစ်နိုင်ဘူးဆိုတာ ဖြစ်ချင်စိတ်မပျင်းပြလို့ပါ ဖြစ်ချင်စိတ်ပျင်းပြရင် မဖြစ်နိုင်ဘူးဆိုတာ အဝေးကိုလွင့်သွားမှာပါ ကိုယ်ကမဖြစ်နိုင်ဘူးလို့ထင်လာရင် တကယ်မဖြစ်နိုင်ဘူးလား "မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား" စမ်းစစ်ကြည့်ပါ။

စိတ်ဓါတ်

နေ့လယ်ထမင်းစားချိန်ရောက်တော့
ထုံးစံအတိုင်းထမင်းထွက်စားတာပေါ့
ကျွန်တောစားနေတာကကြယ်ငါးပွင့်ပွိုင့်နဲ့
မနီးမဝေးလေးကရခိုင်မုန့်တီဆိုင်လေးမှာပေါ့ဗျာ
ရုတ်တရပ်ကျွီဆိုတဲ့အသံတစ်ခုကိုကြားလိုက်မိတော့
ကျွန်တော်နောက်ကိုသမင်လည်ပြန်လှည့်ကြည့်မိတယ်
ပှိုင့်အလည်တည့်တည်လောက်မှာ
အဓိပတိ အနီ(ခရီးသည်တင်ဘက်စကားကြီး)တစ်စီးဟာ
စက်ပြက်သွားပြီးထိုးရပ်နေလေရဲ့
ကျွန်တော်လည်းဘာမှမဟုတ်ပါဘူးလေဆိုပြီး
ထမင်းစက်စားနေမိတယ်
ခဏကြာတော့ ဟေးး ဟေးး ဆိုပြီး
ညာသံပေးသံကြားတော့လှည့်ကြညိ့မိပြန်ရော
ကားရှေ့ကနေပြီးတော့ စပယ်ယာအကိုတွေကကားကိုပွိုင့်အလည်ကနေ
ရှင်းသွားအောင် ခေါင်းဘက်ကနေပြီးတော့ တွန်းနေကျလေရဲ့
ကားပေါ်မှာတော့ ခရီးသွားတွေကမိန့်မိန့်ကြီးနဲ့ပေါ့ဗျာ
ကျွန်တော်ကြည့်နေတုန့်းမှာပဲ
ကင်မရာတစ်လက်နဲ့နိုင်ငံခြားသားကြီးတစ်ယောက်ရောက်လာတယ်
သူ့အသက်က ၅၀ ၀န်းကျင်လောက်တော့ရှိမယ်ဗျ
သူ့မှာပါတဲ့ကင်မရာကိုစလွယ်သိုင်း
ပြီးတာနဲ့စပယ်ရာတွေနဲ့အတူဝိုင်းတွန်းတော့တာပေါ့
ကျွန်တော့်လက်ထဲကထမင်းလုပ်ပါးစပ်ဝမှာပင်တန့်သွားတော့တယ်ဗျာ။

သြော်

"သားကို Total မှာကျောင်းထားမှာ "
ကားပေါ်ကအဒေါ်ကြီးတစ်ယောက်ပြောတဲ့စကားပါ
သူ့ကိုကြည့်လိုက်တော့သာမန်စားနိုင်သောက်နိုင်
ပုံစံလေးပါ
ပြောရမယ်ဆိုရင် ၀မရှိပဲဝိလုပ်ချင်တဲ့ပုံစံပေါ့ဗျာ
ဒါပေမဲ့..........
ကျွန်တော်သူ့ကိုကြည့်လိုက်တဲ့အကြည့်မှာတော့
အထင်သေးမှု
အမြင်သေးမှု
လုံးဝမပါပါဘူး
ကျွန်တော်သူ့ကိုကြည့်လိုက်တဲ့အကြည့်မှာ
အထင်ကြီးမှု
လေးစားမှုတွေ
အပြည့်နဲ့ပါ
သူ့ခမျာဆင်းရဲရှာပေမဲ့လည်း
သားလေးကိုတော့ကျောင်းကောင်းမှာ
ထားချင်တဲ့စိတ်လေးကိုလေးစားလို့ပါဗျာ
မေမေ
မေမေလည်းသားကိုအဲ့လိုထားချင်ရှာမှာပဲနော်...?

What This Mean သူငယ်ချင်း ?

သူငယ်ချင်း
သူငယ်ချင်းဆိုတဲ့
ဖွင့်ဆိုချက်
သေချာစွာငါမသိသေးပါဘူး။
သူငယ်ချင်းဆိုတဲ့
ဝေါဟာရ
ဘယ်သူကစသလဲဆိုတာငါမသိပါဘူး။
သူငယ်ချင်းဆိုတဲ့
သုံ့းလုံ့းသောစကားလုံးလေးရဲ့နောက်မှာ
ငါတို့တွေမမြင်နိုင်တဲ့
စွမ်းအားလေးတွေးတွေရှိနေတယ်
ငါထင်တာငါပြော
မင်းသဘောမကျလဲပြဿနာမရှိ
ငါသည်သူငယ်ချင်းကိုလိုပါ၏။