ချစ်သူ

"ခရီးသည်များခင်ဗျာ
မှတ်တိုင်ပါလားလို့မေးရင်
ခေါင်းမညိတ်ပါနဲ့
လက်ညှိုးမထောင်ပါနဲ့
စိတ်ထဲကမဖြေပါနဲ့
ပါတယ်လို့သာ ရဲရဲကြီးဖြေလိုက်ပါ"
စပါယ်ယာကပြောတဲ့စကားလေးငှားပြီး
ကိုလည်းမင်းကိုပြောမယ်နော်
"ချစ်သူ
ချစ်လား ? လို့မေးရင်
ခေါင်းမညိတ်ပါနဲ့
စိတ်ထဲကမဖြေပါနဲ့
ပြုံးမနေပါနဲ့
ရဲရဲကြီးဖြေလိုက်ပါ
ချစ်တယ်လို့...နော်"

0 ဝေဖန်ချက်:

Post a Comment

သူ့ရဲ့အမြင်လေးပါ