သြော်

"သားကို Total မှာကျောင်းထားမှာ "
ကားပေါ်ကအဒေါ်ကြီးတစ်ယောက်ပြောတဲ့စကားပါ
သူ့ကိုကြည့်လိုက်တော့သာမန်စားနိုင်သောက်နိုင်
ပုံစံလေးပါ
ပြောရမယ်ဆိုရင် ၀မရှိပဲဝိလုပ်ချင်တဲ့ပုံစံပေါ့ဗျာ
ဒါပေမဲ့..........
ကျွန်တော်သူ့ကိုကြည့်လိုက်တဲ့အကြည့်မှာတော့
အထင်သေးမှု
အမြင်သေးမှု
လုံးဝမပါပါဘူး
ကျွန်တော်သူ့ကိုကြည့်လိုက်တဲ့အကြည့်မှာ
အထင်ကြီးမှု
လေးစားမှုတွေ
အပြည့်နဲ့ပါ
သူ့ခမျာဆင်းရဲရှာပေမဲ့လည်း
သားလေးကိုတော့ကျောင်းကောင်းမှာ
ထားချင်တဲ့စိတ်လေးကိုလေးစားလို့ပါဗျာ
မေမေ
မေမေလည်းသားကိုအဲ့လိုထားချင်ရှာမှာပဲနော်...?