ဒါမှ............?

သားသား မီးမီးတို့ရေ
ဒီတခါဦးဦးပြောပြမဲ့ ပုံပြင်လေးကတော့ ..အဲလေ…………ဦးဦးမပြပဲပြောမဲ့ပုံပြင်လေးကတော့
ဟိုးရှေးရှေးတုန်းကပေါ့ကွယ် တိုင်းပြည်ကြီးတစ်ပြည်မှာ မင်းသေးလေးတစ်ပါးရှိတယ်တဲ့။
အဲလေ…………..မှားပြန်ပြီ…………မင်းကြီးတစ်ပါးရှိတယ်တဲ့ကွယ်။
သားသားမီးမီးတို့ရေ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်ဝါသနာတစ်ခုတော့ ရှိကြစမြဲမဟုတ်လား။
အဲဒီမင်းကြီးမှာလည်း ဘယ်လိုမှဖြောက်ဖျက်လို့မရတဲ့ ၀ါသနာတစ်ခုရှိတယ်တဲ့။
မင်းကြီးဟာ အမဲလိုက်ချင်းကို အလွန်အင်မတန်မှနှစ်သက်တော်မှုတယ်တဲ့ကွယ်။
သားသားမီးမီးတို့ရေ ဦးဦးကြားဖျက်ပြီး ဆုံးမစကားပြောဦးမယ်နော် တကယ်တော့
ဝါသနာ(အကျင့်)ဆိုတာ ပြုပြင်လို့မရတာမှ မဟုတ်တာ ကောင်းတဲ့ဝါသနာ(အကျင့်)ဆိုရင်
ဒီထက်ပိုကောင်းအောင် ၊ ဆိုးတဲ့ဝါသနာ(အကျင့်) ဆိုရင်တော့ လုံးဝကိုဖြောက်ပြစ်နိုင်အောင်
သားသားမီးမီးတို့ကိုယ်တိုင် ကြိုးစားပြီးလုပ်ယူလို့ရတာပဲလေ။
လူလုပ်ရင်လူတောင်ဖြစ်သေးတာပဲဟုတ်ဘူးလား။
အဲဒီမင်းကြီးကတော့ သူ့ရဲ့ဝါသနာကိုမဖြောက်တဲ့အပြင် နေ့စဉ်နေ့တိုင်းပဲအမဲလိုက်ထွက်တယ်တဲ့။
ထူးခြားတာတစ်ခုက သူဟာ အမဲလိုက်ထွက်တိုင်း တောင်ဆိက်ကိုသာပစ်လေ့ရှိပြီး
အခြားဘယ်သတ္တ၀ါကိုမှမပစ်ဘူးတဲ့ကွယ်။
တနေ့
မင်းကြီးဟာထုံးစံအတိုင်း တောလိုက်ဖို့ထွက်လာတာပေါ့ကွယ်။
မင်းဆိုတော့လည်း အချွေအရံ အသင်းပင်းတွေနဲ့ပေါ့။
တောလိုက်ထွက်တာဆိုတော့နန်းတွင်းမှာရှိတဲ့ မုဆိုးကျော်တွေလည်းပါတာပေါ့ကွယ် ။
ထူးထူးဆန်းဆန်းအဲဒီနေ့မှာပဲ နေသာဝင်သွားတယ် တောထဲမှာ တောင်ဆိတ်တစ်ကောင်မှမတွေ့ဘူးတဲ့ကွယ်။
ခုတောလိုက်ထွက်တဲ့လူကမင်းကြီးလေ မင်းဆိုတော့ရာဇမန်ရှိတာပေါ့။
စစ်ပွဲပေါင်းမြောက်များစွာကို စစ်နည်းပရိရယ်မျိုးဆုံနဲ့ အနိုင်တိုက်ပြီးရှင်ဘုရင်ဖြစ်လာတဲ့မင်းလေ။
တိရစ္ဆာန်နဲ့ကျမှသူအရှုံးခံပါ့မလား။မင်းကြီးဟာသူ့ရဲ့ပရိရယ်တစ်ကွက်ကိုထုတ်သုံးရတော့တာပေါ့။
သူတို့မဲလိုက်နေတဲ့တောအုပ်က ၀န်းဝန်းဝိုင်းဝိုင်းပုံသဏ္ဍန်ရှီပြီး တောင်ကုန်းမြင့်ကြီးတစ်ခုပေါ့။
အဲဒီတောင်ရဲ့တစ်ဖက်ခြမ်းကတော့ အလွန်အင်မတန်မှနက်လှတဲ့ ချောက်ကြီးတစ်ခုရှိတယ်တဲ့ကွယ်
အဲဒီချောက်ကြီးရဲ့တစ်ဖက်မှာတော့ တောင်ကုန်းမြင့်ကြီးတစ်ခုရှိတယ်တဲ့ အဲဒီတောင်ကုန်းနှစ်ခုရဲ့
ကြားအကွာဝေးဟာဆိုရင် ငါးတောင်အကွာဝေးရှိတယ်တဲ့ကွယ်။
မင်းကြီးဟာသူနဲ့အတူပါလာတဲ့ မုဆိုးတွေကို တောအုပ်အောက်ခြေကနေ စက်ဝန်းပုံသဏ္ဍန်ဝိုင်းပြီး
တောင်ကုန်းပေါ်ကို တဖြည်းဖြည်းတက်ရင်း တောခြောက်ခိုင်းတာပေါ့။
အဲဒီအခါမှာ ခြုံတွေထဲမှာပုံးအောင်းနေတဲ့ တောင်ဆိက်တွေဟာ မပုန်းအောင်းနိုင်တော့ပဲတောင်ပေါ်ကို
ထွက်ပြေးကြတာပေါ့။ တောင်ဆိက်တွေကလဲပြေး မုဆိုးတွေကလဲ ညာသံပေးပြီးလိုက်နဲ့ တဖြေးဖြေး
တောင်ကုန်းရဲံ အမြင့်ဆုံးပိုင်းကိုရောက်လာတော့တာပေါ့ ။
တစ်ဖက်မှာက မင်းကြီးနဲ့မုဆိုးအုပ်စု တစ်ဖက်မှာကခြောက်ကြီး အလယ်မှာရောက်နေတဲ့တောင်ဆိက်တွေဟာ
ကြံရာမရဖြစ်နေကျတာပေါ့ကွယ်။သူတို့ရဲ့ပြေးစရာနယ်မြေကလဲကုန်သွားပြီလေ။
မင်းကြီးကလဲ သူ့စိတ်ကြိုက်အနေထားရပြီဆိုတော့ တောင်ဆိတ်တွေကိုပစ်ဖို့ သူ့ရဲ့လေးတော်ကို
ချိန်တော့တာပေါ့ ။သေဘေးကိုကြောက်တဲ့တောင်ဆိတ်တချို့ဟာ သေမှာကိုကြောက်တဲ့အတွက် တစ်ကောင်ကိုတစ်ကောင်တိုးဝှေ့ကြတာပေါ့။
အဲဒီအချိန်မှာပဲ မထင်မှတ်တဲ့အပြုမှုတစ်ခုကို မင်းကြီးနှင့်မုဆိုးများဟာတွေ့လိုက်ကြရတယ်။
တောင်ဆိတ်တစ်ကောင်ရဲ့အားမန်ပါတဲ့ အသံတစ်သံကို သူတို့ကြားလိုက်ရတယ်။
တချိန်တည်းမှာပဲ တောင်စိတ်အားလုံးဟာ ပြန့်ကြဲတိုးဝှေ့မနေတော့ပဲ ကြီးစဉ်ငယ်လိုက်တန်းဆီပြီး
နေကြတယ်တဲ့။မင်းကြီးနဲ့မုဆိုးတွေဟာ အံ့သြပြီး ကြည့်နေကြသတဲ့ကွယ်။
တဆက်တည်းမှာပဲအဲဒီတောင်ဆိက်ဆီကနေအမိန့်ပေးသံပါတဲ့အသံတစ်သံထွက်ပေါ်လာတယ်တဲ့။
အဲဒီအမိန့်ပေးသံရဲ့အဆုံးမှာတော့ တောင်ဆိတ်တွေဟာ အုပ်စုနှစ်စုခွဲပြီးရက်နေကြတယ်တဲ့။
အသက်ကြီးကြီးပြီး အားအင်ကုန်ခန်းနေတဲ့ အုပ်စု ၊ အသက်ငယ်ပြီးကျမ္မာသန်စွမ်းတဲ့တောင်ဆိပ်အုပ်စုက
တစ်စုတဲ့ အလယ်မှာတော့ တောင်ဆိတ်တို့ရဲ့ခေါင်းဆောင်ကြီးပေါ့။
တောင်ဆိတ်တွေအားလုံးဟာ ခြောက်ကမ်းပါးဘက်ကိုပဲ မျက်နှမှုပြီးရပ်နေကြတာပေါ့ကွယ်။
“………………….”
မင်းကြီးနှငိ့မုဆိုးတို့ရဲ့နားထဲမှာ အလွန်အင်မတန်မှ ကျယ်လောင်စူးရှပြီးဝမ်းနဲသံပါတဲ့ အသံကြီးတစ်သံကိုကြား
လိုက်ကြရတယ်။တောင်ဆိတ်ခေါင်းဆောင်ကြီးရဲ့ အသံပဲပေါ့ကွယ်။
အဲဒီအသံရဲ့အဆုံးမှာတော့………………………
ဘာဖြစ်မယ်လို့သားတို့သမီးတို့ထင်လဲ…….?
(သြော်….ပြောဘို့မေ့သွားလို့
သားတို့သမီးတိုရေ တောင်ဆိတ်တစ်ကောင်ဟာ သုံးပေအကွာကိုလက်ထောက်ပြီး
ငါးပေအကွာထိရောက်အောင်ခုံနိုင်တယ်တဲ့ကွယ်)
အဲဒီအသံလဲဆုံးရော တောင်ဆိတ်အုပ်စုနှစ်စုထဲက အသက်ကြီးတဲ့တောင်ဆိတ်အုပ်စုထဲက
တောင်ဆိပ်ကြီးတစ်ကောင်ဟာ ခြောက်ကမ်းပါးရဲ့တစ်ဖက်ကိုခုံသွားတယ်တဲ့ ။
အဲဒီတောင်ဆိပ် ခြောက်ကမ်းပါးအလယ်ကိုလည်းရောက်ခါနီးရော သန်စွမ်းပြီးငယ်ရွယ်တဲ့တောင်ဆိတ်အုပ်ဆု
ထဲကတောင်ဆိတ်တကောင်ထွက်လာပြီး တဖက်ကမ်းကိုလိုက်ခုံတာပေါ့ ။
နောက်မှာခုံတဲ့တောင်ဆိတ်ပျိုဟာ အလယ်မှာ ခြောက်ကမ်းပါးအောက်ကိုကျလုနီးဖြစ်နေတဲ့
တောင်ဆိတ်အိုကြီးရဲ့ ကျောကုန်းကို လက်ထောက်ပြီး တစ်ဖက်ကမ်းကိုခုံသွားလိုက်တာ ချောချောမောမော
ရောက်သွားတာပေါ့ကွယ်။အဲဒီလိုနဲ့ တောင်ဆိပ်ပျိုတစ်ကောင် အသက်ရှင်ဘို့အတွက် တောင်ဆိတ်အိုကြီး
တစ်ကောင်ရဲ့ အသက်ကိုစွန့်လွတ်လိုက်တာ နောက်ဆုံးတော့ မင်းကြီးနေတဲ့ဘက်မှာ
တောင်ဆိတ်ခေါင်းဆောင်ကြီးတစ်ကောင်ပဲ ကြံတော့တာပေါ့ကွယ်။
တဖက်ကမ်းရောက်သွားတဲ့ တောင်ဆိတ်တွေဟာ ဒီဘက်ကမ်းကတောင်ဆိတ်ကြီးကိုလှည့်ကြည့်လှည့်ကြည့်
လုပ်ပြီး ၀မ်းနဲစွာနဲ့တစ်ဖက်တောအုပ်ကိုဝင်သွားကြတာပေါ့။မထင်မှတ်တဲ့မြင်ကွင်းကိုမြင်ပြီး မင်းကြီးနဲ့မုဆိုး
တွေဟာအံ့သြမှင်သက်နေကြတာပေါ့။ တောင်ဆိတ်ခေါင်းဆောင်ကြီးရော ဘာဆက်လုပ်မလဲလို့ကြည့်
နေတုန်းမှာပဲ တောင်ဆိတ်ခေါင်းစောင်ကြီးဟာ မင်းကြီးဆီကိုတဲ့တဲ့မက်မက် လျှောက်လာတာကို
တွေ့လိုက်ရတယ်ကွယ့် သဘောကတော့ခေါင်းစောင်ကောင်းပီပီထွက်မပြေးပဲအသက်ကိုသာ
အသေခံမယ်ဆိုတဲ့ သဘောပေါ့ကွယ်။
သားတို့သမီးတို့ရော တောင်ဆိတ်ခေါင်းဆောင်ကြီးနေရာရောက်ခဲ့မယ်ဆိုရင်ဘယ်လိုလုပ်မလဲ……?
နောက်ဆုံးဇာတ်သိမ်း မင်းကြီးနေရာမှာဆိုရင်ရော ဘာတွေဆက်ဖြစ်မလဲ ။။။။။။။။။။၊?

0 ဝေဖန်ချက်:

Post a Comment

သူ့ရဲ့အမြင်လေးပါ