ကျေးဇူးတင်ပါတယ်

ကျေး ဇူး တင် ပါ တယ် ငါးလုံးထဲရယ်ပါ ကြားဘူးတဲ့လူများနိုင်ပေမဲ့ ပြောဘူးတဲ့လူကတော့ လက်ချိုးရေလို့ရလောက်အောင်တောင်နည်းမလားပဲနော် ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ခြင်းဟာကိုယ်အတွက်အပန်းမကြီးသလို ကြားရသူတွက်တော့နှစ်သက်စရာပါ ဥပမာ မိတ်ဆွေက တစ်ယောက်ယောက်ကိုကူညီလိုက်တဲ့အခါ အဲ့ဒီတစ်ယောက်ယောက်က ကျေးဇူးတင်ပါတယ်လို့တုန့်ပြန်တာနဲ့ ဘာမှမတုန့်ပြန်တာနဲ့ အဲ့ပေါ်မှာဖြစ်ပေါ်လာတဲ့သင့်ခံစားချက်ကဘယ်လိုနေမလဲ ? ဒီဇင်ဘာ ၂၃ ရက်နေ့က ဘာရယ်မဟုတ်ဘူး သံတမန်လမ်းထဲလျှောက်လာမိတယ်။ မေရီချက်မင်း စွံ့ အ နားမကြား ကျောင်းရှေ့ရောက်တော့ ကျောင်းသားလေးတွေကိုငေးကြည့်နေမိတယ် သူတို့ဆိုရင်ရော ကျေးဇူးတင်ပါတယ် လို့ပြောတက်မှာမဟုတ်လို့ ပြောမိမှာတောင်မဟုတ်ဘူးလို့လဲတွေးမိတယ်။ ရုတ်တရက် ကျွန်တော်ရပ်နေတဲ့ရှေ့ကို ကျောင်းသားလေးနှစ်ယောက် ကစားနေတဲ့ ဂေါ်လီလုံးလေးကျလာတယ် ကျွန်တော်သာသူ့နေရာမှာဆိုရင် အကိုရယ်ကောက်ပေးပါလားလို့ပြောမိမှာပါ သူကတော့မပြောရှာဘူး မပြောတက်လို့မပြောတာဆိုရင်တောင် ကိုဟန်အမူရာနဲ့ပြောလို့ရတယ်မို့လား ဒါပေမဲ့မပြောဘူးဗျာ့ သူ့မှာရှိတဲ့ဒုက်ချောင်းတိုတိုလေးနဲ့မမှီမကမ်းလှမ်းယူရှာတယ် သူမမှီနိုင်ဘူးဆိုတာသိနေတဲ့ကျွန်တော်ကဘယ်နေနိုင်ပါ့မလဲဗျာ ဂေါ်လီလုံး လေးကိုကောက်ပြီးယူလိုက်တယ် ပြီးတော့ ဂေါ်လီလုံးလေးကိုယူသွားတော့မဲ့ဟန်လုပ်ပြတယ် သူ့ကိုစတာထိရောက်တယ်ဗျ သူကမယူပါနဲ့ဆိုတဲ့ဟန်ပန်နဲ့ပြန်ပြောတယ်ဗျ ကျွန်တော်က ဂေါ်လီလုံးလေးကိုကိုင်ပြီး သူ့ကိုလက်နဲ့လှမ်းယူစေဘို့ပြောတယ် သူကကြောက်နေတယ်ထင်ပါရဲ့(ကျွန်တော့်ရုပ်ကိုကြည့်ပြီးတော့လေ) သူ့ကိုလှမ်းပစ်ပေးဘို့ပြောတယ် ကျွန်တော်မပစ်ပေးမိပါဘူး ညင်ညင်သာသာလေးပဲသူ့လက်လေးထဲကိုထည့်ပေးလိုက်တယ် သူအရမ်းပျော်သွားတယ် ပြီးတော့ကျွန်တော့ကိုကျေးဇူးတင်ပါတယ်လို့ပြောတယ် သူကစကားမပြောတက်ပဲဘယ်လိုလုပ်ကျေးဇူးတင်ပါတယ်လို့ပြောသလဲလို့ ခင်များတို့တွေးမိလိမ့်မယ် သူပြောတာက ကိုယ်ဟန်အမူရာနဲ့လေ ကျွန်တော်ကနားလည်တာကိုး ကျွန်တော်ဘာလို့သူပြောတဲ့ကိုဟန်အမူရာကိုနားလည်လဲလို့ခင်များတို့တွေးဦးမလား ကျွန်တော်ကလည်းသူ့လိုပဲ ဘ၀တူချင်းမို့ပေါ့ဗျာ ကဲ မိတ်ဆွေ သင်ရော သင်မဟုတ်တဲ့အခြားသူတွေကို ကျေးဇူးတင်ပါတယ်လို့ပြောတော့မှာလား?