ကွဲပြားသောအမြင်

အတန်းထဲတွင်ဖြစ်သည်။
ဆရာကတပည့်တို့ကိုပုံပြင်လေးတစ်ပုဒ် ပြောပြနေသည်။
တပည့်တို့
ရှေးရှေးတုန်းကပေါ့ တောအုပ်ကြီးတစ်အုပ်ရဲ့ အလယ်မှာရေကန်ကြီးတစ်ကန်ရှိတယ်ကွဲ့
အဲ့ဒီရေကန်ကြီးထဲမှာ ငါးတွေဟာ ပျော်ရွင်စွာနေကျတာပေါ့၊
ရေကန်ကြီးရဲ့ မနီးမဝေးသစ်ပင်ကြီးတစ်ပင်မှာတော့ ဗျိုင်းတစ်ကောင်နေတယ်တဲ့
ဒီလိုနဲ့နွေရာသီရောက်လာတဲ့အခါမှာ ငါးတွေနေတဲ့ရေကန်ကြီးဟာခန်းချောက်သွားတာပေါ့
သာယာဆိုပြည်နေတဲ့ရေကန်ကြီးဟာ ချောက်ကက်ကက်ကြီးဖြစ်သွားတော့တာပေါ့။
ငါတွေဒုက္ခရောက်ကုန်ကြတာပေါ့ကွယ်
အဲ့ဒီချိန်မှာပဲ ကန်ကြီးရဲ့မနီးမဝေးသစ်ပင်မှာနေတဲ့ဗျိုင်းက ရေကန်ရဲ့ကန်းစက်နားကိုလာပြီး
“အဆွေငါးတို့ ဒီတောအုပ်ရဲ့ ဟိုဘက်မှာ အလွန်တရာမှသာယာတဲ့
ရေကန်ကြီးတစ်ကန်ရှိပါတယ် အဲ့ဒီကန်ကြီးကိုမြင်မိပြီးငါ့မှာ
သင်တို့ကိုကယ်ချင်တဲ့ဆန္ဒဖြစ်ပေါ်မိတယ်
သင်တို့လိုက်မယ်ဆိုရင် လုပ်အားဒါနပြုပါရစေ”
ဗျိုင်းရဲ့စကားကိုအကြားတော့ အချို့ငါးတွေဟာ
“ငါတို့သေဘေးကလွတ်တော့မယ် ဗျိုင်းရဲ့နောက်ကိုလိုက်ကျမယ်”ပေါ့။
အဲဒီငါးတွေထဲကအသိညဏ်ရှိတဲ့ငါးကလေးကတော့
“အဆွေငါးတို့ ငါတို့ငါးဆိုတာဗျိုင်းရဲ့ အစာပဲ သူ့ကိုယုံလို့လိုက်သွားရင်
သူမစားဘူးလို့ ဘယ်သူအာမခံရဲလဲ အဲဒီတော့ဒီဗျိုင်းရဲ့စကားမှန်မမှန်
အကျွန်ုပ်လိုက်ပြီးကြည့်မယ် ပြီးမှသင်တို့လိုက်ကျပါ”
ဗျိုင်းကလဲကောင်းပါပြီဆိုပြီး အဲ့ဒီငါးငယ်လေးကို အလွန်အင်မတန်မှ
ကြည်လင်သာယာတဲ့ ရေကန်ကြီးတစ်ကန်ကိုလိုက်ပြတာပေါ့။
ငါးကလေးကလဲသူ့ရဲ့ငါးတွေကို ရေကန်ကြီးဟာ သာယာလှကြောင်း
သူ့ကိုဗျိုင်းကလဲညင်ညင်သာသာခေါ်ဆောင်သွားကြောင်းပြန်လာတော့ပြောပြတာပေါ့
သေဘေးကိုကြောက်နေတဲ့ငါးတွေဟာလဲ သူအရင်လိုက်မယ်ငါအရင်လိုက်မယ်ပေါ့
ဗျိုင်းကတော့ “အဆွေတို့ငါ၏ နှုတ်သီးသည်အလွန်အင်မတန်မှသေးငယ်သောကြောင့်
တစ်ခေါက်လှင်တစ်ကောင်နှုံးငါပို့ပေးပါမည်”
ဒီလိုနဲ့ဗျိုင်းဟာတစ်ခေါက်လျှင်တစ်ကောင်နှုံး နှုတ်သီးနဲ့ချီပြီးပို့ပေးပါတယ်
ငါးတွေမျှော်လင့်နေတဲ့ သာယာမှုအပေါင်းခညောင်းနေတဲ့ ရေကန်ကြီးဆီကိုတော့မဟုတ်ပါဘူး
ငါးတွေမသွားချင်ပါဘူးဆိုတဲ့ မရဏလမ်းဆီကိုလေ။
ဗျိုင်းဟာ ငါးတစ်ကောင်ပြီးတစ်ကောင်ကိုနှုတ်သီးနဲ့ချီပြီး
ရေကန်ကြီးဆီကိုပို့ပေးမယ်ဆိုကာ သူနေတဲ့သစ်ပင်ဆီကိုပဲချီသွားပြီး
သူရဲ့သန်မာတဲ့ချေတွေနဲ့ညှက်ကာ စိန်ပြေနပြေနဲ့စားတော့တာပေါ့။
ဒီလိုနဲ့ကန်ထဲကငါးတွေဟာ တစ်ကောင်ပြီးတစ်ကောင်ကုန်သွားလိုက်တာ
ကန်ထဲမှာငါးတွေတစ်ကောင်မှမရှိတော့ပဲ ပုဇွန်လုံးတစ်ကောင်သာကျန်တော့တယ်လေ။
အစားတက်မက်တဲ့ဗျိုင်းဟာ ပုဇွန်လုံးကိုလည်း
“အဆွေပုဇွန်လုံး ငါးတွေကတော့ ဘေးလွတ်ရာကိုရောက်ကုန်ကျပြီ
အဆွေရောမသွားချင်ဘူးလား”
ပုဇွန်လုံးက စဉ်းစားတယ်လေ “ငါးဆိုတာဗျိုင်းရဲ့ အစာပဲ ဗျိုင်းဟာ
သူ့ရဲ့အစာဖြစ်တဲ့ငါးတွေလွတ်တယ်ဆိုတာဘယ်နီးနဲ့မှမဖြစ်နိုင်ဘူး
ငါ့ကိုလဲငါးတွေလိုပဲ သူစားရအောင်ကြံစည်တာပဲဖြစ်ရမယ်” လို့တွေးပြီး
“အဆွေဗျိုင်း ငါးတွေကတော့ခန္ဒာကိုကသေးတော့ သင့်နှုတ်သီးနဲ့ဆန့်တာပေါ့
ငါ့မှာတော့ ခန္ဒာကိုကကြီးတဲ့ အတွက်သင်ချီနိုင်မည်မဟုတ်
ဒီတော့သင့်ရဲ့လည်ပင်းကိုငါ့တက်မနဲ့ညှက်ပြီးလိုက်ရမည်ဆိုလျှင်လိုက်ပါမည်”
ဗျိုင်းကလဲ ဒီပုဇွန်လည်းငါ့အစာဖြစ်တော့မယ်ဆိုတဲ့ အတွေးလေးနဲ့ခေါ်သွားတာပေါ့
ဗျိုင်းကသူ့ရဲ့ထုံးစံအတိုင်း ပထမရေကန်ကြီးဆီကိုတဲ့တဲ့ပြန်သွားပြီး ရေကန်နားလဲရောက်ရော
ရေကန်ထဲကိုမဆင်းပဲ သူနေတဲ့သစ်ပင်ကြီးဆီကိုပြန်သွားတော့တာပေါ့
ဗျိုင်းရက်လုပ်ရက်တွေကိုသတိထားနေတဲ့ပုဇွန်လုံးကဗျိုင်းလမ်းကြောင်းပြောင်းနေတာကိုသိတော့
“အဆွေဗျိုင်းငါ့ကို ဘယ်ခေါ်သွားမလို့လဲ သင်ပြောတော့ရေကန်ကြီးဆီကိုခေါ်သွားမယ်ဆို
ခုသင်သွားနေတာကတစ်ခြားစီပဲ”
ပုဇွန်ကအဲလိုပြောတော့ဗျိုင်းကအောင်နိုင်သူလေသံနဲ့ပြန်ပြောတယ်လေ
“ဒီမှာပုဇွန် ဟိုမှာကြည့်လိုက်စမ်းတွေ့တယ်မို့လား ငါးအရိုးပုံကြီးလေ
မင်းလဲသူတို့နောက်ကိုလိုက်ရမယ်လေ ငါ့အစာဖြစ်တဲ့မင်းတို့ကိုငါကကယ်တင်တယ်ဆိုရင်
ဗျိုင်းတွေရဲ့ရာဇ၀င်မှာငါလောက်မိုက်မဲတဲ့ဗျိုင်းရှိတော့မှာမဟုတ်ဘူးကွ
ခုမင်းအလှည့်လေ မင်းလဲငါ့လက်ခုတ်ထဲကရေဖြစ်ပါပြီကွ”
“မင်းလက်ခုတ်ထဲကရေဟာ အစိတ်ရေဆိုတာမင်းမသိဘူးလား”လို့
ပုဇွန်ကပြောလဲပြော သူ့ရဲ့သန်မာတဲ့လက်မကြီးတွေနဲ့ဗျိုင်းရဲ့လည်ပင်းကိုညှစ်တော့တာပေါ့။
သေဘေးကိုကြောက်တဲ့ဗျိုင်းဟာ ပုဇွန်ကိုရေကန်းစက်ရောက်အောင်လိုက်ပို့ပေးရတော့တာပေါ့။
ကန်းစက်လဲရောက်ရောပုဇွန်က သူ့ရဲ့သန်မာတဲ့လက်မကြီးတွေနဲ့ ဗျိုင်းရဲ့လည်ပင်းကိုတိခနဲ
ပျက်အောင်ညှက်ပြီး ရေကန်ထဲကိုဆင်းသွားတော့တာပေါ့ကွယ်။
***********************************************************************
တပည့်တို့ပုံပြင်လေးကတော့ဒါပါပဲ
တပည့်တို့ငယ်ငယ်လေးကတည်းကဒီပုံပြင်လေးကိုဖတ်ခဲ့ဘူးပြီးသားပါ
ဆရာပြောချင်တာက ဒီပုံပြင်လေးရဲ့ဇာတ်ကောင်တွေကိုလူသုံးရောက်နဲ့နှိုင်းမယ်။
အသိညဏ်မရှိပြီးသူများပြောတာကိုယုံတဲ့ ငါးတွေကို ပထမလူအဖြစ်သက်မှတ်မယ်။
ကောက်ကျစ်စဉ်းလည်းတဲ့ ဗျိုင်းကို ဒုတိယလူအဖြစ်သက်မှတ်မယ်
ညဏ်အမျှော်မြင်နဲ့ပြည့်ဆုံတဲ့ ပုဇွန်လုံးကိုတော့ တတိယလူအဖြစ်သတ်မှတ်မယ်။
တပည့်တို့ဒီလူသုံးမျိုးထဲမှာ တပည့်တို့ဟာ ဘယ်လိုလူမျိုးဖြစ်ချင်ကြလဲ။
ဆရာကအဲလိုမေးတော့ကျောင်းသားအများစုက တတိယလူဖြစ်ချင်တယ်လို့ ဖြေကြတာပေါ့
အဲ့ဒီချိန်မှာပဲ ကျောင်းသားလေးတစ်ယောက်က လက်ညှိးထောင်ပြီးသူ့ဆရာကိုခွင့်တောင်းတယ်
“ဆရာကျွန်တော်ပြောပါရစေ”
အခန်းတစ်ခုလုံးလည်းတိက်ဆိက်နေတယ်လေ ကျောင်းသားလေးရဲ့အဖြေကို
အားလုံးကမျှော်လင့်နေကျတာလေ
“ဆရာ ကျွန်တော်စဉ်းစားမိတာကတော့ ဒီပြဿနာဖြစ်လာချင်းရဲ့တရားခံကိုပဲ
ဒီပြဿနာဘယ်ကစလဲလို့ အဖြေရှာကြည့်တော့ ရေကန်ထဲမှာရေမရှိချင်းဆိုတာကစတာပဲ
တပည့်ကတော့သုံးမျိုးထဲမှာ တစ်မျိုးမှမဖြစ်ချင်ဘူး
ရေကန်ထဲမှာရေရှိလာအောင်ဖြည့်ပေးနိုင်တဲ့သူပဲဖြစ်ချင်တယ်”
သူငယ်ချင်းမင်းရောဘယ်လိုလူမျိုးဖြစ်ချင်သေးလဲကွာ။
မှတ်ချက်။ ။ကျွန်တော့်ဆရာရဲ့ဆုံးမစကားလေးကိုပြန်လည်ရေးထားချင်းပါ။

0 ဝေဖန်ချက်:

Post a Comment

သူ့ရဲ့အမြင်လေးပါ