ချစ်ခြင်းအစ မျက်စိကတဲ့
ဒီစကားကိုငါကြားတော့
နားဘ၀င်မှာနားဝင်မချိုခဲ့
တကယ်လို့များ
အချစ်ဆိုတာမျက်စိကစတယ်ဆိုရင်
မျက်ကန်းသည်ဒုက္ခိတ တစ်ယောက်အတွက်
အချစ်မရှိဘူးလို့ပြောရာရောက်မနေဘူးလား
အချစ်ဆိုတာဘယ်ကစလည်း
ငါကိုယ်တိုင်ရေရာစွာမသိပေမယ့်
မျက်ကန်းသည်ဒုက္ခိတကအစ
လူတိုင်းမှာအချစ်ရှိတယ်
အဲဒါကိုတော့ငါသိတယ်။
ငါသိတဲ့အချစ်
ပို့တင်သူ Phyo Min Khaingဆန္ဒ
ပို့တင်သူ Phyo Min Khaingမပြည့်စုံခြင်းတရားသူကြီးက
ငါ့ရဲ့အချစ်တွေကိုအချုပ်ခြ
စာနာစွာကြူးလွန်မိတဲ့ပြစ်မှုတစ်ခုအတွက်
ကံကြမ္မာရယ်အာမခံပေးပါ
သံသရာတည်သရွေ့အချစ်ရှိခဲ့ရင်
အချစ်သည် အချစ်သာဖြစ်ပါစေ။
ဧည့်သည်(ဧရာဝတီ)
အိုင်တီဆိုတာ
ပို့တင်သူ Phyo Min Khaingအိုင်တီကိုသင်ဘယ်လိုဘာသာပြန်မည်နည်း........?
''အိုင်တီဆိုတာ အင်ဖေါ်မေးရှင်းတက်ကနိုလိုဂျီကို ပြောတာပေါ့ကွ''
လို့တော့မပြောလိုက်ပါနဲ့နော်
အဲဒါကလူတိုင်းပြောနေကြစကားလုံးမို့ပါ
ညီလေးတစ်ယောက်ကပြောတယ်
အိုင်တီဆိုတာ "it" အစ် ထိုအရာ တဲ့
သူပြောတာမှားတယ်လို့ပြောဦးမှာလား.......?
blog တစ်ခုထဲမှာဖတ်ဘူးတာကတော့
အိုင်တီရဲ့ဖွင့်ဆိုချက်ကိုသိချင်ရင်
Microsoft word ထဲကိုဝင်တဲ့
ပြီးရင် Ctrl+Shit နဲ့မြန်မာဖောင့်ပြောင်းပြီး it လို့ရိုက်
အဲ့ဒါအိုင်တီရဲ့ဖွင့်ဆိုချက်ဘဲတဲ့
ကျွန်တော်တော့်ရိုက်ကြည့်ပြီးသွားပြီဲ့
ခင်ဗျာတို့လည်းရိုက်ကြည့်ပေါ့ နှော။
Subscribe to:
Posts (Atom)